Our Core Value

Contribution to Society

Innovation, Purpose-Driven, Grit, Ambitious & Integrity

Establish Date

2019

Total Students

2,000

Total Graduates

1,500

Club Activities

8

Our Extracurricular Activites

Football Club

Music Club

Zumba Club

This NEW NEXT is Your NEW NEXT!

မြန်မာနိုင်ငံ မန္တလေးမြို့မှာ အခြေစိုက်တဲ့ NEW NEXT University ဟာ မြန်မာလူငယ်တွေရဲ့ သစ်လွင်တဲ့ အနာဂတ် ခြေလှမ်းသစ်တွေအတွက် အစပျိုးပေးမယ့် နေရာတစ်ခုဖြစ်ပါတယ်။ ကမ္ဘာ့လုပ်ငန်းခွင်နဲ့ ပြည်တွင်းလုပ်ငန်းခွင်တွေမှာ အရည်အချင်းပြည့်မီတဲ့ လူငယ်တွေဖြစ်လာစေဖို့ နိုင်ငံတကာအဆင့် ပညာရပ်တွေ၊ အတွေ့အကြုံတွေ ပြည့်ဝနေအောင် သင်ကြားပေးမှာ ဖြစ်ပါတယ်။ အကောင်းဆုံး ကြိုးစားလိုပြီး ပြောင်းလဲမှုတစ်ခုကို ဖန်တီးချင်သူတစ်ယောက်ဆိုရင် NEW NEXT University ဟာ သင့်ရဲ့ နောက်ခြေလှမ်းအတွက် အသင့်တော်ဆုံးပါ။

What do you want your NEW NEXT to be?

ဆန်းသစ်တီထွင်မယ်၊ ပြောင်းလဲမှုတစ်ခုကို ဦးဆောင်မယ်၊ လုပ်ဆောင်မှုတိုင်းအတွက် ပညာရပ်ပြည့်ဝနေမယ်၊ ရည်မှန်းချက်ကို အပြည့်အဝ ဦးတည်မယ်၊ လူ့အဖွဲ့အစည်းအတွက် ထူးခြားတဲ့ တန်ဖိုးတွေကို ဖန်တီးမယ်။ ဒီလို အိပ်မက်တွေကို သင့်ရဲ့ NEW NEXT မှာ ဖြည့်ဆည်းနိုင်မှာပဲ ဖြစ်ပါတယ်။

NEW NEXT Vision, NEW NEXT Mission

Our Vision

NNU strives to excel at the highest standard for Higher Education in the twenty-first century. We are committed to creating and sustaining the conditions that enable all Myanmar students to experience an unparalleled education journey that is intellectually, socially, and personally transformative.​

NNU ကတော့ 21 ရာစုမှာ မြန်မာနိုင်ငံအတွင်းအဆင့်မြင့်ပညာရေးစနစ်တစ်ခုကို ဖော်ဆောင်နိုင်ဖို့ အင်တိုက်အားတိုက် ကြိုးပမ်းသွားမှာဖြစ်ပြီးမြန်မာနိုင်ငံ ကျောင်းသား၊ ကျောင်းသူတို့ရဲ့ ပညာရေးလမ်းခရီးမှာ အသိပညာအပြင် လူမှုဆက်ဆံရေးနဲ့ ကိုယ်ရည်ကိုယ်သွေးတိုးတက် ပြောင်းလဲမှုများပါ ရရှိစေမယ့်ပြီးပြည့်စုံတဲ့ ပညာရေးစနစ်တစ်ခုကို နည်းလမ်းအသစ်တွေနဲ့ အကောင်အထည်ဖော်သွားမှာဖြစ်ပါတယ်။

Our Mission

NNU is the epitome of brave and bright minds to create a community of change leaders and highly skilled professionals, NNU aims to ignite their full potential by creating an innovative ecosystem where they can find their purpose and passion.

NNU ဟာတိုးတက်ပြောင်းလဲမှုတွေကိုဖော်ဆောင်မယ့် ခေါင်းဆောင်ကောင်းတွေနဲ့အတူစွမ်းရည်မြင့်မားတဲ့ ပညာရှင်တွေစုစည်းထားတဲ့ Community တစ်ခုကိုတည်ဆောက်သွားမှာပါ။ NNU ရဲ့ Innovative Ecosystem ‌ကြောင့်လူငယ်တွေက မိမိရဲ့ စစ်မှန်တဲ့ ရည်မှန်းချက် ပန်းတိုင်နဲ့အိမ်မက်တွေကို သိရှိလာနိုင်မှာဖြစ်သလို၊ မိမိရဲ့ ပင်ကိုယ်အစွမ်းအစတွေကိုလည်း‌အကောင်းဆုံးအသုံးချနိုင်မှာဖြစ်ပါတယ်။

NNU ဟာ ခေတ်သစ်ပညာရေးရဲ့ လိုအပ်မှုဖြစ်လာတဲ့သင်ယူမှုမှာ ‌ကျောင်းသား၊‌‌ကျောင်းသူများတက်ကြွစွာ ပူပေါင်းပါဝင်စေမှုအပြင် သင်ယူမှုမှာနည်းပညာ ( Techonology ) ကိုတွင်ကျယ်စွာအသုံးပြုစေတဲ့ သင်ယူလေ့လာမှုဖြစ်အောင် ‌အကောင်အထည်ဖော်သွားမှာဖြစ် တဲ့အတွက် ဆရာ/ဆရာမများ ဝန်ထမ်းများ၊ ကျောင်းသားများအနေနဲ့ ရလဒ်တွေ စိန်ခေါ်မှုတွေပြည့်နှက်နေတဲ့ပတ်ဝန်းကျင်မှာ မိမိရဲ့စွမ်းဆောင်ရည်ကို အရှိန်အဟုန်မြင့်တင်နိုင်မှာဖြစ်ပါတယ်။

Why NEW NEXT?

Start with Passion and Purpose

လူငယ်တွေကို ကိုယ်ဝါသနာနဲ့ ပါရမီတွေကို သိရှိခြင်းက မိမိရဲ့ အသက်မွေး ဝမ်းကြောင်းကိုမှန်ကန်စွာရွေးချယ်နိုင်ရန်အတွက်ပထမဆုံးခြေလှမ်းဖြစ်တာ ကြောင့် NNU Faculty အဖွဲ့ဝင်များက အထက်ပါအကြောင်းအ‌ရာများကို ဦး ဆောင်လမ်းညွှန်ပေးသွားမှာဖြစ်ပါတယ်။လူငယ်တွေရဲ့ ပညာရေးကိုအ ကောင်းဆုံးလက်လှမ်းမှီအောင်ကြိုးပမ်းတဲ့နေရာမှာ စိတ်အားထက်သန်တဲ့ Leader တွေရဲ့ဦးဆောင်မှုအောက်က New Next ကအမြဲတမ်းပိုကောင်းတဲ့ လမ်းကြောင်းကို ဦးတည်နေမှာသေချာပါတယ်။

New Next Community

New Next ဟာ စွန့်ဦးတီထွင်တဲ့ အမြင်ရှိတဲ့ ‌ခေါင်းဆောင်အတွက်ရည်ရွယ် ပါတယ်။ တီထွင်ဆန်းသစ်မှုနဲ့ စွန့်ဦးတီထွင်လိုစိတ်ဟာ New Next ရဲ့ Community ဟာဆိုရင်လူ့အဖွဲ့အစည်းတစ်ရပ်လုံး တိုးတက်လာဖို့အတွက် လက်တွေ့ဆန်တဲ့ တီထွင်ဆန်းသစ်မှုတွေကို ဖန်တီးရာနေရာတစ်ခုဖြစ်လာ မှာပါ။ အဆင့်အတန်းမြင့်မားတဲ့ အလေ့အကျင့်တွေနဲ့အတူ ကျွန်တော်တို့ရဲ့ အများနဲ့မတူညီတဲ့တွေး ခေါ်ပုံ၊ ကိုင်တွယ်ဆောင်ရွက်ပုံတွေစာ သက်ရောက် မှုကြီးမားတဲ့ တိုးတက်ပြောင်းလဲမှုတစ်ခုကိုဖော်ဆောင်ပေးမှာ ဖြစ်ပါတယ်။

Exceptional Teaching Methdology

သင်ယူမှုမှာ ကျောင်းသားကျောင်းသူတွေကို တက်ကြွစွာ ပူးပေါင်းပါဝင်စေမှု ဟာ NNU ရဲ့တမူထူးခြားတဲ့ သင်ကြားမှု နည်းစနစ်တစ်ခုဖြစ်ပါတယ်။ လုပ် ငန်းခွင်ကျွမ်းကျင်တဲ့ Lecturers တွေကနေ နိုင်ငံတကာအဆင့်မီ သင်ရိုး ညွှန်းတမ်းတွေနဲ့အတူ UK နိုင်ငံအသိအမှတ်ပြု Programs တွေကို Theory + Practical ပုံစံနဲ့အတူ စနစ်တကျသင်ကြားပေးမှာဖြစ်လို့လက်တွေ့လုပ် ငန်းခွင်အတွင်း အထိရောက်ဆုံး အသုံးချနိုင်မယ့် ပညာရပ်တွေကို ပိုင်ဆိုင်‌ စေမှာဖြစ်ပါတယ်။ ဘွဲ့ရဖို့ အရေးကြီးသလို အရည်အချင်း စွမ်းရည်များ ရရှိ အောင် ပိုမိုလိုအပ်နေတဲ့ မြန်မာနိုင်ငံရဲ့ လူ့စွမ်းအားအရင်းအမြစ်ကို မြှင့်တင် ဖို့ NNU က အပြောင်းအလဲလုပ်ပြီး Industry Experts and Lecturers များ မှသင်ကြားပေးသွားမှာပါ။

Co-creation of projects with Corporations

NNU ကနေ ကျောင်းသားလူငယ်တွေ ‌ကောင်းမွန်စစ်မှန်တဲ့ ပညာရေးလမ်း ခရီးကိုလျှောက်လှမ်းနိုင်ဖို့အတွက် လှပ်ငန်းရှင်များနဲ့ပူး‌ပေါင်းပြီး Real-world မှာကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေကို ‌လေ့လာရင်း အလုပ်အကိုင်အခွင့်အလမ်း တွေ ရရှိစေမှာဖြစ်တဲ့ အပြင်ကျောင်းသားလူငယ်တွေအနေနဲ့ လက်ရှိ Company တွေ‌မှာကြုံတွေ့နေရတဲ့ ပြဿနာများစွာကို ‌ဖြေရှင်းဖို့ နည်းလမ်း တွေ အဖြေရှာရင်း စီးပွားရေးနယ်ပယ်ကို စောစီးစွာထိတွေ့မှုရရှိစေခြင်းနဲ့ မိမိသင်ယူထားတဲ့ အသိပညာ အတတ်ပညာ‌တွေကို လက်တွေ့အသုံးချနိုင်ဖို့ ရည်ရွယ်ပါတယ်။

Rethink Higher Education with NEW NEXT

သင့်ဘဝရဲ့ ကောင်းမွန်တဲ့အနာဂတ်အတွက် ပြီးပြည့်စုံတဲ့ ပညာရေးလမ်းကြောင်းကို ခိုင်ခိုင်မာမာတည်ဆောက်ဖို့ NNU က အသင့်ရှိနေပါတယ်။ စဉ်ဆက်မပြတ်လေ့လာခြင်းဆိုတဲ့ Continuous Learning ပြုလုပ်နိုင်စေဖို့ NEW NEXTရဲ့ Thriving Communityမှာ ပါဝင်လိုက်ပါ။ ကိုယ့်ရဲ့ တီထွင်ဖန်တီးနိုင်စွမ်းကို အမြင့်ဆုံးထိ မြှင့်တင်လိုက်ပါ။ (၂၁)ရာစုမှာ လိုအပ်တဲ့ Skill တွေကို တည်ဆောက်လိုက်ပါ။ သမားရိုးကျ အတွေးအခေါ်တွေကနေ ရုန်းထွက်ပြီး ပြောင်းလဲမှုတစ်ခုကို ဖန်တီးလိုက်ပါ။